ပေါက်ခေါင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက်ဖွင့်လှစ်ရောင်းချရေး အတွက်လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းကဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ ကုန်စုံဆိုင်၊ ဆေးဆိုင်နှင့် စားသောက်ဆိုင်များ၊ မြို့မဈေးမတွင်းရှိ ဈေးဆိုင် ခန်းများအား မုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်၊ ရဲတပ်ဖွဲ့နှင့်မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့မှ အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)