နတ်မောက်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်းနှင့်ပတ်သတ်ပြီးကြိုတင် ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက် ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေကြီး၊ နတ်မောက်မြို့နယ်တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် Silent Strike အသံတိတ် သပိတ်ပြုလုပ်ခြင်းနှင့်ပတ်သတ်ပြီးကြိုတင်ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုးဦးသန့်စင်က အသံတိတ်သပိတ် ပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၁၄၄) ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်ပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လှည့်လည်အသိပေး ကြေညာဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

သင်းသင်းမြတ်