ပန်းတောင်း အ-ထ-က​ ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စုနေ့အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံက်ပိုင်းက အ-ထ-က(ပန်းတောင်း) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်ဖြစ်သူ အ-ထ-က (ပန်းတောင်း)ကျောင်း မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးမူက အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် “စည်းလုံးညီညွှတ်မှုဖြင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့မှသည် ရတုအဆက်ဆက်ဆီသို့” ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရ ကျောင်းသား များကို အသီးသီးဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)