သံဖြူဇရပ် ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က ယခုသင်တန်းတွင် အခြေခံစစ်ပညာ နှင့် အခြေခံမီးသတ်ပညာရပ်တွေ ပြန်လည်မှတ်မိအောင် လေ့ကျင့်သင်ကြားသကဲ့သို့ အသက် ကယ်ပညာရပ်တွေကိုပါ ထပ်မံသင်ကြားခဲ့ခြင်း၊ အရန်မီးသတ်တပ်ဖွဲ့ဆိုတာ တူညီဝတ်စုံ ဝတ်ဆင်ကာ တစ်စိတ်တည်းတစ်ဝမ်းတည်း ရှိနေကြရပြီး ထူးခြားတဲ့အချက် တစ်ချက်ကတော့ အခွင့်အရေးမယူတတ်တဲ့စိတ်၊ စေတနာ့ဝန်ထမ်းစိတ်၊ ကိုယ့်ကျိုးစွန့်အနစ်နာခံလိုတဲ့ ကောင်းမြတ်တဲ့စိတ်ဓါတ်တွေနဲ့ ပြည့်နေကြရမည်ဟု အမှာစကားပြောကြားသည်။
သင်တန်းကို အချိန်နှင့်ငွေပေးဆပ်၍ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရရှိလာတဲ့သင်တန်းရဲ့ လက်တွေ့ကျသော သင်ခန်းစာများကို လွယ်လွယ်နဲ့ မေ့ပျောက်မသွားကြဖို့ ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးက သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ခဲ့ပြီး သင်တန်းတွင် သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၂၆)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားခဲ့ကြောင်းသိရသည်။
အေးအေးမွန်(ပြန်ဆက်)