ပြင်ဦးလွင် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/ ၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသောင်းမြင့်သိန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီးကျရာကဏ္ဍတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည် ။
အဆိုပါ သင်တန်းကို ( ၃ - ၁ - ၂၀၂၂) ရက်နေ့မှ( ၂၈ - ၁ - ၂၀၂၂ ) ရက်နေ့အထိ နံနက် (၀၉:၀၀) နာရီမှ မွန်းလွဲပိုင်း (၁၄: ၄၅) နာရီအထိ သင်တန်းနည်းပြဆရာများမှ စာတွေ့၊ လက်တွေ့သင်ကြားပို့ချလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ သင်တန်းသား ( ၅၀ ) ဦး သင်ကြားပို့ချခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)