ကျောက်တံတား ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ တန်ခိုးကြီး ဘုရားဆူးလေစေတီတော်နှင့် ပရိဝုဏ်တခုလုံးအား ယနေ့နံနက်(၀၇:၀၀)နာရီ အချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာအဖွဲ့ ဝန်ထမ်းများမှ ဘုရားရင်ပြင်တွင် ဦးစွာ တံမြတ်စည်း လှည်းခြင်း၊ ရေဆေးခြင်းများ ပြုလုပ်ပြီး ဘုရားပရိဝုဏ်ပတ်လည်အား ရေဆေးခြင်းဖြင့် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာအဖွဲ့ မြို့နယ်မှူး ဦးသက်နောင်ဝင်းမှ ကြီးကြပ်ပြီး၊ လမ်းတံတား၊ ရေစီးရေလာ၊ ပန်းဥယျာဉ် ဌာနဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။
စိုးယုလှိုင်