ရွှေပြည်သာမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲ ကျင်းပ

ရွှေပြည်သာ ဇန်နဝါရီ  ၂၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပညာရေးမှူးရုံးမှဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂၈ရက်နေ့ ယနေ့နံနက် ၁၁နာရီတွင် မြို့နယ်ပညာရေးမှူးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးဝင်မြင့် အဖွင့်အမှာစကားပြောကြားရာ ကျောင်းသားကျောင်သူများ ပြည်ထောင်စု နေ့နှင့်ပက်သက်၍ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်အောင် ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးပြိုင်ပွဲ၌ စာစီစာကုံး ၉ ဦး၊ ကဗျာ ၆ဦး၊ ဆောင်ပါး၃ဦးပန်းချီ ၅ဦး၊ ကျပန်း ၅ဦး စုစုပေါင်း ၂၈ဦး ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများ ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း( ရွှေပြည်သာ)