အင်္ဂပူမြို့တွင် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်

အင်္ဂပူ   ဇန်နဝါရီ     ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူ သိရှိလိုက်နာကြစေရန် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အသိပေးဆောင်ရွက်ခဲ့သည်။

အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက် ဆိပ်ကမ်းသာလမ်းဆုံတွင် နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေညာချက်များကို ပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော အဖွဲ့ဝင်များ ဌာနဆိုင်ရာအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများမှ လမ်းဆုံလမ်းခွများ၊ လက်ဘက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ ဆေးဆိုင်များ၊ လုပ်ငန်းရှင်များအား သတင်းထုတ်ပြန်ချက်အပေါ် သိရှိလိုက်နာကြစေရေး လက်ကမ်းစာစောင် စောင်ရေ (၂၀၀)အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)