ကျောက်ပန်းတောင်း ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ကလေးငယ်များ ပျော်ရွှင်စေရန် ကစားနည်းမျိုးစုံဖြင့် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ၊ ဇန်နဝါရီ(၃၁)ရက်နေ့ နံနက်(၁၀)နာရီက စကားပုံချိတ်ဆက်ပြိုင်ပွဲကို မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စကားပုံချိန်ဆက် ပြိုင်ပွဲကို ကျောင်းသားကလေးငယ်များ မြန်မာစာပေလေ့လာမှုအား ကောင်းစေရန်အတွက် ရွေးချယ်ပြုလုပ်ပေးခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် အတွဲလိုက်ပြောဆိုသုံးနှုန်းသည့် မြန်မာ စကားပုံများကို တစ်ခုချင်းခွဲခြားထားရှိပြီး၊ မှန်ရာအတွဲကို ရွေးချယ်ချိတ်ဆက်ပေး ရခြင်းဖြစ်ရာ၊ ကလေးများ မြန်မာစကားပုံနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်စေပြီး၊ မြန်မာစာပေးကို ပိုမိုလေ့လာ ဖတ်ရှုလို စိတ်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပြောသည်။ အဆိုပါ ပြိုင်ပွဲတွင် ဈေးကွက်သစ်မူလတန်းလွန်ကျောင်းမှ ကလေးများပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ ပြိုင်ပွဲအပြီးတွင် ကလေးငယ်များအား မြို့နယ်ဦးစီးအရာရှိက မုန့်ပဲသွားရေစာများဖြင့် ကျွေးမွေးဧည့်ခံပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)