ပျော်ဘွယ် ဇန်နဝါရီ ၃၁
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ဆေးရောင်စုံ ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းကို ဇန်နဝါရီလ(၃၁)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်ပေးတဲ့ ဆေးရောင်စုံခြယ်ပြိုင်ပွဲက ကျောင်းသား၊ ကျောင်းသူလေးတွေအနေနဲ့ ဝါသနာပါရှိမှုအပေါ်မှာ ရွေးချယ်ပြီးကျင်းပပေးခြင်းဖြစ်ပါတယ်။ မိမိဝါသနာပါတဲ့ကဏ္ဍမှာ ထူးချွန်ထက်မြတ်သူတွေဖြစ်လာစေဖို့အတွက်လည်း ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပါတယ် မြို့နယ် ဒုတိယဦးစီးမှူး ဦးဖုန်းနိုင်က ရှင်းပြသည်။
မူလတန်းအဆင့် ဆေးရောင်စုံချယ်ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)