တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်

တပ်ကုန်း      ဇန်နဝါရီ     ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု()စုအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါကျေးရွာတွင် ထောက်ပံ့ပေးအပ် ခဲ့သည်။

အဆိုပါ မီးဘေးသင့်ဖြစ်စဉ်တွင် ယမန်နေ့က ဒေါ်ခင်စိန်(၇၈)နှစ်၊ ပိုင်ဆိုင်သည့်လူနေအိမ်တွင် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာမှ တစ်ဆင့်မီးလောင်းမှုဖြစ်ပွားခဲ့ရာ (၂၄x၁၆)ပေ ပတ်လည်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း()ထပ် အိမ်တစ်လုံး၊ ၎င်းအိမ်နှင့် ကပ်လျက်ရှိ  ဦးကျော်နိုင်ဦး၏  (၁၆x ၁၆)ပေ ပတ်လည်ရှိသက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ ထိုမီးဘေးသင့်အိမ်ထောင်စုဝင်များအား  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး၊ ဥတ္တရခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာဝင်း၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးတို့က တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီးနောက်  မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ ပစ္စည်း (၁၇)မျိုးပါ ပုံး()ပုံးနှင့် အိမ်ဆောက်စရိတ်()သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

  ပြန်ဆက်ရုံး