ကျောက်တံခါး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် မြို့နယ်စီမံချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်ခန်းမ တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့်ကိုယ်ဝန်ဆောင်များမှအပ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ အားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးတစ်ပုလင်း လျှင် (၅)ဦးနှုန်းဖြင့် တစ်ကြိမ်သာထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ volunteerများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊သွေးအတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်
စန်းစန်း(ပြန်/ဆက်)