ချမ်းမြသာစည် ဇန်နဝါရီ ၂၁
စာရေးဆရာ အောင်သင်း၏ "အံ့ဩစရာ ရိုးရာဓလေ့"စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက စာအုပ်စာပေများကိုဖတ်ရှု့လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ နှင့် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင်ပါဝင်သည့် အံ့ဩစရာ ရိုးရာဓလေ့ (၁)နှင့်(၂)ကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ရုပ်သံကျွမ်းကျင်(၃) ဒေါ်မြင့်ကေသွယ်ခိုင်က အံ့ဩစရာ ရိုးရာဓလေ့ ခေါင်းစဉ် (၃)ကို လည်းကောင်း စာပေဝါသနာရှင် ဦးမင်းထွန်းက အပိုင်း (၄)နှင့်(၅)ကိုလည်းကောင်း ဆွေးနွေးခဲ့ သည်။
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ အများပြည်သူများဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း/စာပေဆွေးနွေးပွဲများကိုကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း