ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာ တွင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို (၂၉)ရက်နေ့ မှ (၃၀) ရက်နေ့ထိ နှစ်ရက်ကြာ ဖောင်တိုးကျေးရွာ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသား ကတ်ကိုင်ဆောင်မှု ၃(က)တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၆) ဦးကိုလည်းကောင်း၊၁၈ နှစ်နှင့် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က) တွင်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၈၀) ဦးကို လည်းကောင်း၊ ၁၀နှစ်မှ ၁၈နှစ်ပြည့် လဲလှယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၉) ဦးကို လည်းကောင်း၊ ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင်အမျိုးသား၊ အမျိုးသမီးစုစုပေါင်း (၁၄)ဦး ကိုလည်းကောင်းကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၃၉) ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်