စဉ့်ကူးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆက်လက်ဆောင်ရွက်

စဉ့်ကူး    ဇန်နဝါရီ    ၃၁     

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊   စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို   ယမန်နေ့ နံနက်  ၉  နာရီမှ စတင်ပြီး   စဉ့်ကူးမြို့နယ် ၊ ကျဉ်တောက်ပေါက်ကျေးရွာရှိ  ကျေးရွာဓမ္မာရုံ၌  ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ   စဉ့်ကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးမှ   နိုင်ငံသားတစ်ဉီး၏ တရားဝင်မှု၊ မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူ အသက် (၁၆)နှစ်နှင့် (၁၈) နှစ်အကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း  မရှိသူများကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊  နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် (၃-၅-၂၀၂၁) ရက်နေ့မှ ( ၃- ၁၁-၂၀၂၂ )ရက်နေ့အထိ  စီမံချက်ကာလ သတ်မှတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး  စဉ့်ကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ  စဉ့်ကူးမြို့နယ်၊ ကျဉ်တောက်ပေါက်ကျေးရွာရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

မြို့နယ် ( ပြန် /ဆက် )