ရမ်းဗြဲ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရမ္မာဝတီခန်းမတွင် ကျင်းပကြပါသည်။ ခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြိို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါပေးအပ်ပွဲတွင် ပန်ခင်းစီမံချက်ဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်း များဖြစ်ကြသည့် ခွဆုံအုပ်စု၊ ငစမိအုပ်စု၊ ကံ့ကော်အုပ်စု မရွတ်ချိန်အုပ်စု၊ သင်းပေါင်းချောင်းအုပ်စု၊ စေရင်းအုပ်စု၊ ငသမုတ်အုပ်စု၊ ရေကောင်းချောင်း အုပ်စု၊ အမှတ်(၁)အ.ထ.က၊ ရမ်းဗြဲ၊ အမှတ်(၂) အ.ထ.က-ပုလုပ်တောင် ရမ်းဗြဲ၊ အ.ထ.က ဦးကာပြင်၊ အ.ထ.က(ခွဲ) ပိန္နဲချောင်း၊ အ.ထ.က (ခွဲ)သင်းပေါင်းချောင်း၊ အ.ထ.က(ခွဲ) မရွတ်ချိန်၊ အ.လ.က (ခွဲ) စေရင်းတို့မှ နိုင်ငံသားကတ်ပြားပေါင်း (၄၂၅) ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် အိမ်ထောင်စုခွဲ (၅၂)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၆၄)ခု စုစုပေါင်း(၁၁၆)တို့ကိုဆောင်ရွက်ပေးခဲ့ရာ ရမ်းဗြဲ မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရမ်းဗြဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအောင်မြို့ တို့မှ ပေးအပ်ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)