ကာမိုင်းမြို့နန့်စီးအင်ကျေးရွာတွင်ကြက်ခြေနီအသင်းခွဲငယ် ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ကာမိုင်း ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ကာမိုင်းမြို့၊ နန့်စီးအင်ကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ဆောက်လုပ်ပြီးစီးသည့် ကြက်ခြေနီအသင်းခွဲငယ် ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပသည်။

 ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအသင်းအဖွဲ့မှဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းဇော်ကွန်းတို့က ကြက်ခြေနီ အသင်းခွဲငယ် ရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် နန့်စီးအင်ကျေးရွာဥက္ကဋ္ဌဦးငါလန်ဇော်ဖန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ဦးဘရန်ဒီးမှဩဝါဒ အမှာစကား ပြောကြားကာမြို့အုပ်ချုပ်‌ရေးမှူးဦးသန်းထိုက်က လမ်းညွှန်မှုဆိုင်ရာ အမှာစကား ပြောကြားခြင်း၊ ကာမိုင်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှဥက္ကဋ္ဌဦးထွန်းထွန်းဦးက ရုံးသစ် ဆောက်လုပ်ရာတွင် အဘက်ဘက်မှဝိုင်း၀န်ကူညီပံ့ပိုးပေးကြသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ဆက်လက်၍ ကာမိုင်းမြို့နန့်စီးအင်ကျေးရွာအုပ်စုကြက်ခြေနီအသင်းခွဲငယ်ရုံးအတွက် လိုအပ်သည့် ပစ္စည်းများကို ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဘရန်ဒီးမှငွေကျပ်(၁)သိန်းနှင့်လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခသန်းဇော်ကွန်း(ကွန်းဖောင်းဒေးရှင်မိသားစု)မှငွေကျပ်(၅)သိန်းကိုလည်း‌ကောင်း၊ ဦးကျော်လင်း (ညွှန်ကြားရေးမှူး၊ပြည်နယ်စည်ပင်)+ဒေါ်သန်းသန်းနွဲ့ မိသားစု မှငွေကျပ်(၁)သိန်းကိုလည်းကောင်း အသီးသီးလှူဒါန်း ခဲ့ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သည့်ကြက်ခြေနီအသင်းခွဲငယ်ရုံးသစ်မှာ အလျား(၁၈)ပေ၊ အနံ(၉)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ တစ်ထပ် အဆောက်အအုံဖြစ်၍ စုပေါင်းလှူဒါန်းငွေ ကျပ်(၂၅)သိန်းဖြင့် ကိုယ်အားကိုယ်ကိုး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)