မိုင်းယု ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မိုင်းယုမြို့ ဒေသသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား တစ်လလျှင်တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ ဆွမ်းဆန်တော်များကို လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းရာသို့ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင်တို့မှ စုပေါင်းလှူဒါန်းသည့် ငွေကျပ်တစ်သိန်းခန့်တန်ဖိုးရှိ ဆန်အိတ်၊ ဆီ၊ ဆားနှင့် အခြားလှူဖွယ်ပစ္စည်းများကို မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်း ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းမှုကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကော်မတီအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် တစ်လလျှင်တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ သွားရောက်ဆက်ကပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)