ညောင်တုန်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီး အဝင်ဆိုင်းဘုတ် မုဒ်ဦးပြင်ဆင်ဆောင်ရွက်မှုအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက လမ်းဦးစီးဌာနမှ ညောင်တုန်းမြို့ပန်တိုင်ဂိတ်အနီးဧရာဝတီတိုင်းဒေသကြီးအဝင် ဆိုင်းဘုတ် မုဒ်ဦးပြင်ဆင်ဆောင်ရွက်နေမှုနှင့်၊ အရွှဲ-ပန်တိုင် ယာဥ်စစ်ဆေးရေးဂိတ် လမ်းဘေးဝဲ၊ ယာများ နေ့စဉ်သန်ရှင်းရေးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)