ဒေးဒရဲ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို တိုးကျေးရွာအုပ်စုရှိ School Cum Shulter တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဝင်းအောင်နှင့် သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူများအား ဖြစ်ရပ်မြင်ကွင်း သုံးသပ်ခြင်းလုပ်ငန်းမှ လူနာပို့ဆောင်ခြင်း လုပ်ငန်းအဆင့်ဆင့်တို့ကို လက်တွေ့သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သင်တန်းသား တစ်ဦးချင်းစီအား ဆေးအိတ်တစ်လုံးစီနှင့် စာအုပ်စာတမ်းများ ထောက်ပံ့ခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းက သွားလာရန်ခက်ခဲသော နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ထမ်းစင်တစ်ခုအား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ (၃၂)ဦးအား သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)