ချမ်းမြသာစည် ဇန်နဝါရီ ၃၁
စာရေးဆရာမအေးဖြူ၏ "ဖတ်မိသမျှတွေမျှဝေပေးဖို့"စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက စာအုပ်စာပေများကို ဖတ်ရှု့လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် စာဖတ်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင်ပါဝင်သည့် လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ကိုဦး ဆောင် ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ရုပ်သံကျွမ်းကျင်(၃) ဒေါ်မြင့်ကေသွယ်ခိုင်က "သုံးတတ်ကြပါစေ" ခေါင်းစဉ်ကို လည်းကောင်းစာပေဝါသနာရှင် ဒေါ်ချောစုက "နည်းပညာကို အကောင်းသုံးဖို့ဖြစ်ပါစေ" ခေါင်းစဉ် လည်းကောင်း၊ စာကြည့်တိုက်မှူးဒေါ်ခိုင်ခင်ဦးက "သမီးရှင်တစ်ဦးရဲ့ဆန္ဒ"ခေါင်းစဉ်ကို လည်းကောင်း အသီးသီးဖတ်မှတ် ဆွေးနွေးခဲ့ ကြသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ အများပြည်သူများ ဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း/စာပေဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း
မြို့နယ် ( ပြန်/ ဆက် )