ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ

ကမမောင်း   ဖေ‌ဖော်ဝါရီ   ၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့်  သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိစေရန်ကမ‌မောင်းမြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ၊ စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို ကမမောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူးတင်ဆက်ပေးလျက် ရှိကြောင်းသိရ သည်။

ယခုကဲ့သို့ Online စနစ်ဖြင့်  ကမမောင်းမြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေးခြင်းဖြင့် ကိုဗစ်ကာလ ပြည်သူများအနေဖြင့် စိတ်အပန်းဖြေမှုနှင့် အသိပညာဗဟုသုတများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)