တောင်ကြီး ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား ကလေးများ/ လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းစာတွေ့/လက်တွေ့(၁)လ သင်တန်းကို သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ ပုံဆွေပင်ကျေးရွာ၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ၃၁ ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက သင်တန်းသား ၂၅ ဦးအား သင်တန်းဆင်း လက်မှတ်များနှင့် လက်တွေ့လုပ်ကိုင် စားသောက်နိုင်ရေး အထောက်အကူဖြစ်စေမည့် Hand Tools (၁၂ မျိုးပါ) ကို သင်တန်းသား တစ်ဦးချင်းထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)