ဘုတ်ပြင်းမြို့နယ်၌ လန်ပိအဏ္ဏာဝါအမျိုးသားဥယျာဉ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း   ဖေဖော်ဝါရီ   ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် (၈)နာရီအချိန်က လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက  ပြည်သူများ အနေဖြင့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ကိုတည်ထောင်ရသည့် ရည်ရွယ်ချက်များဖြစ်သည့်  အဏ္ဏဝါဂေဟစနစ်နှင့် အဏ္ဏဝါမျိုးစိတ်များကို ကာကွယ်ရန်၊ ဒေသခံ မော်ကင်း(ဆလုံ)လူမျိုးများဖွံ့ဖြိုးတိုးတက်ရန်၊ဒီရေတောများကို ထိန်းသိမ်းရန်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် စသည်များ၊ မှတ်တမ်းတင်ထားသည့်သားငှက် တိရစ္ဆာန် များထိန်းသိမ်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သုတေသနလုပ်ငန်းများနှင့် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ လာရောက်လေ့လာလည်ပတ်နိုင်တဲ့ အခွင့်အလမ်းများစသည့် အမျိုးသားဥယျာဉ်နှင့်ပတ်သက်သည်များကို ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)