လွိုင်လင်မြို့ Church ကျောင်းတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ နှင့်စားဖိုဆောင်သီးနှံများ ထောက်ပံ့ပေးအပ်

လွိုင်လင်    ဖေဖော်ဝါရီ   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ Church ကျောင်းတွင် ရောက်ရှိနေသည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူများအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဆန်၊ ဆီ ၊ ကြက်ဥ ၊ ရေသန့်ဘူးများနှင့် စားဖိုဆောင်သီးနှံများကို ယမန်နေ့  မွန်းလွဲ  ၂ နာရီက အဆိုပါ Church ကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဆန် ၁၅ အိတ် ၊ ဆီ ၄၀ ပိဿာ ၊ ကြက်ဥ  အလုံး ၄၀၀ ၊ ရေသန့်ဗူးကြီး ၁၀ ဘူး နှင့် စားဖိုဆောင်သီးနှံများကို အသီးသီးထောက်ပံ့ပေးအပ်ရာ Church ကျောင်းမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကလေးငယ်များ အတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး