ငါ့သရောက် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ၊ အမှတ်(၁) မြောက်ကုန်းရပ်ကွက်တွင် တည်ရှိ သော စွန်သိုက်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် အသစ်တည်ဆောက်လျက်ရှိသော ဥဒ္ဒိဿစေတီ တော်သစ်တည်ရာသို့ ငါ့သရောက်မြို့ရှိ ဝန်ထမ်းများစုပေါင်း၍ သွားရောက်ကာ လုပ်အားပေး ကုသိုလ် ဒါနယူခဲ့ကြောင်း သိရသည်။
အဆိုပါဥဒ္ဒိဿစေတီတော်သစ်တည်ရာသို့ လုပ်အားပေး ကုသိုလ်ပြုခြင်းကို ငါ့သရောက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် မြို့ရဲတပ်ဖွဲ့မှ မြို့စခန်းမှူးဦးအေးကျော် တို့ ဦးဆောင်ကာ ငါ့သရောက်မြို့ရှိ ဌာနအသီးသီးမှဝန်ထမ်းများစုပေါင်းကာ အမှတ်( ၁)မြောက်ကုန်း ရပ်ကွက်ရှိ စွန်သိုက် ဘုန်းတော်ကြီးကျောင်းတွင် အသစ်တည်ထားလျက်ရှိသော စေတီ၌ အုတ်သယ် ခြင်း၊ ကျောက်သယ်ခြင်း၊ သဲသယ်ခြင်းနှင့် ဘီးလပ်မြေအိပ်သယ်ခြင်းစသည်တို့ကို စုပေါင်းသယ်ယူကာ ကုသိုလ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖြိုးဝေ(ပြန်/ဆက်)