မိတ္ထီလာ ဖေဖော်ဝါရီ ၁
မိတ္ထီလာတွင် ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ခရိုင်မီးသတ်စခန်းတွင် ကျင်းပဆောင်ရွက်ကြောင်း သိရ သည်။
မိတ္ထီလာခရိုင်အတွင်းမှာ ငလျင်ဘေးအန္တရယ်ကြုံတွေ့ရင် ရှာဖွေကယ်ဆယ်ဖို့အဆင်သင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့ အနေနဲ့အခုလို ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာလက်တွေ့ သရုပ်ပြပွဲကို ကျင်းပဆောင်ရွက်တာဖြစ်ပါတယ်။ လက်တွေ့ သရုပ်ပြ သတဲ့နေရာ မှာတပ်စုအဆင့် ရှာဖွေကယ်ဆယ်ခြင်း အနေအထားနဲ့ပြုလုပ်တာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးနဲ့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ဝ ဦး စုစုပေါင်း ၄၅ ဦး ပါဝင် လက်တွေ့ သရုပ်ပြသဆောင်ရွက်တာဖြစ်ပါတယ်ဟု ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြပွဲသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြောင်းသိရသည်။
ချမ်းသာ