မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းအချိန်ပိုင်းဖြင့် ဖွင့်လှစ်သင်ကြားပေး

လှိုင်းဘွဲ  ဖေဖော်ဝါရီ  ၁

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့ရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)တွင် ဇန်နဝါရီလ ၃၀ ရက်နှင့်၃၁ ရက်နေ့များ၌ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

Android အမျိုးအစားမိုဘိုင်းဖုန်းကိုအသုံးပြု၍ Kinemester application software ဖြင့် ဓာတ်ပုံနှင့်ဗွီဒီယိုဖိုင်များကို တည်းဖြတ်နည်း၊ နောက်ခံအသံထည့်ခြင်း၊ တေး သီချင်းများထည့်ခြင်း၊ စာများထည့်သွင်းခြင်းစသည့် နည်းပညာများကို လူငယ်များနှင့်အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ အားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ သင်ကြားပြသပေးခဲ့ကြသည်။

မိုဘိုင်းဖုန်းဖြင့် မိမိတို့၏ဓာတ်ပုံ၊ဗွီဒီယိုဖိုင်များကို ဗွီဒီယိုပုံစံများဖန်တီး၍ရသဖြင့် မိမိတို့၏မိသားစုဝင်များ၌မွေးနေ့ပွဲ၊ အလှူပွဲနှင့်ပျော်ရွှင်ဖွယ်ရာခရီးသွားခြင်းအမှတ်တရမှတ်တမ်းများကိုရိုက်ကူးနည်း၊တည်းဖြတ်နည်းစသည့်နည်းပညာများကိုအခမဲ့လေ့လာသင်ကြားခွင့်ရရှိခဲ့သဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအားကျေးဇူးတင်ကြောင်း လူငယ်များကပြောကြားခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်