ကမာရွတ် ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုနှံပေးရာတွင် ပြည်သူများအား နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတ်မှတ်အုပ်စုများ အလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
စိမ်းလဲ့