ရေး ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့မအားကစားကွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကိုကိုဦးက မိမိတို့အနေဖြင့် လူငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားစိတ်ဓါတ်မြှင့်တင်ရေးအတွက် အခုလို အားကစားပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင်လည်း အားကစားစိတ်ဓာတ်ညီနောင်ရင်း စိတ်ဓါတ်များဖြင့်သာ ကစားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲဝင် ၁၆ သင်းအား မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ပြောကြားပြီးနောက် အုပ်စုပွဲစဉ်(က) စည်ပင်အသင်းနှင့် ဒူးယားကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အုပ်စုပွဲစဉ်၊ ၁ ရက်နေ့တွင် ကွာတားရှုံး ထွက်ပွဲစဉ်နှင့် ၂ရက်နေ့တွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)