နမ္မတူ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က နမ္မတူမြို့နယ် မြို့မဈေးအနီးနှင့် သပြေလမ်း၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းနှင့် ဝန်ထမ်းများက မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန် စေရေးအတွက် မြို့မဈေးအနီးရှိ ရေမြောင်းအတွင်း ပိတ်ဆို့နေသော ရေဆိုးများ နှုန်းများအား ဌာန ရေသယ်ယာဉ်ဖြင့် ဖယ်ရှားရှင်းလင်းကာ သပြေလမ်းရေမြောင်းပြုလုပ်ခြင်းမှ ထွက်ရှိလာသော အမှိုက်များအား ဌာနအမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)