ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅) နှစ်မြောက်ပြည်ထောင်စုနေ့အကြိုစားပွဲ တက်တင်းနစ်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စားပွဲ တင်တင်းနစ် ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပြုလုပ်ခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အကြို ဂုဏ်ပြုသောအားဖြင့် မြင်းခြံဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ ပုဏ္ဏရိပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပုဏ္ဏရိပ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့် ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၂ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ နိုဝင်ဘာလ)အထိ လှိုင်းဘွဲ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သော (ဂ)ရပ်ကွက်၊ ရွှေတဆုပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သကျသီဟဘုရားဝင်းရှိ ဗုဒ္ဓဂုဏ်ရောင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Subscribe to