(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဘီးလင်းမြို့နယ် ဌာနဆိုင်ရာ​ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ကျင်းပ

ဘီးလင်း  ဖေဖော်ဝါရီ  ၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ (၇၅) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက် တင်းနစ်ကွင်း၌ ကျင်းပ ပြုလုပ်သည်။

ဖွင့်ပွဲ ပထမပွဲစဉ်အဖြစ် မီးသတ်ဖူဆယ် ဘော်လုံးအသင်းနှင့် ထွေ/အုပ် ဖူဆယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မီးသတ်ဖူဆယ်အသင်းက ၂ ဂို ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာ ဖူဆယ်ဘော်လုံးပြိုင်ပွဲကို အသင်း ၄ သင်းဖြင့် ပတ်လည်ယှဉ်ပြိုင် သွားကြမည်ဖြစ် ကြောင်း သိရသည်။

ထူးနောင် ဘီးလင်း