မချမ်းဘော့မြို့၌ ဆွမ်းဆန်တော်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မချမ်းဘော့   ဖေဖော်ဝါရီ ၁ 

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ ဆွမ်းဆန်တော်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မချမ်းဘော့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်မှ အဖွင့်အမှာစကားပြောကြားပြီး မချမ်းဘော့ မြို့ပေါ်ရှိ ဗုဒ္ဓဘာသာတောင်တန်းသာသနာပြုကျောင်းအပါအဝင် ဘာသာရေးကျောင်း ( ၉ ) ကျောင်းတို့အား ဆွမ်းဆန်တော် ၃အိတ်နှင့် ကိုဗစ် (၁၉ ) ကာကွယ်ရေးပစ္စည်းများဖြစ်သည့် Mask၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းခဲ့ရာ ဘာသာရေး ခေါင်းဆောင်များကအသီးသီးလက်ခံခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်