မန္တလေး ဖေဖေါ်ဝါရီ ၂
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အများပြည်သူ စာပေဖတ်ရှုမှုတွင် စိတ်ပါဝင်စားလာစေရန်၊ ခရိုင်ရုံးစာကြည့်တိုက်ရှိ စာအုပ်အမျိုး အစားများကို လေ့လာသိရှိနိုင်စေရန်၊ မိမိတို့စိတ်ပါဝင်စားသည့် စာအုပ်များကို အခမဲ့ဖတ်ရှုနိုင်ရန်၊ စာကြည့်တိုက်အသင်းဝင် တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ ပြသကြောင်းသိရသည်။
မန္တလေးခရိုင်(ပြန်/ဆက်)