ညောင်လေးပင် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ ကန်သာယာလမ်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်မှ အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ (လက်ထောက်ညွှန် ကြားရေးမှူး)ဒေါ်ခင်အေးဝင်းမှ (၂၀၂၁-၂၀၂၂)ခု (Mini Budget)တွင် ရန်ပုံငွေ (၁၅၈၁၀၀၀၀)ကျပ်အကုန် အကျခံ၍ အရှည်(၄၂၄)ပေ၊ အကျယ်(၁၀)ပေ၊ ထု (၈)လက်မရှိသော ကွန်ကရစ်လမ်းသစ်အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လမ်းပြီးစီးသွားသည့်အတွက် လူပေါင်း (၂၂၀၀၀)ကျော်ကို အကျိုးပြုမှုရရှိစေနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်နေပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်အေးဝင်းတို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)