မြဝတီမြို့ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ  ဝိဇ္ဇာ၊သိပ္ပံနှင့်အနုပညာရပ်ဆိုင်ရာ ပြခန်းများပြသဆောင်ရွက်

မြဝတီ ဖေဖော်ဝါရီ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ ဆရာ/ ဆရာမှများနှင့်မူကြိုး ကလေးများငယ်များ ပူးပေါင်းဆောင်ရွက်သည့် ဝိဇ္ဇာ၊ သိပ္ပံနှင့် အနုပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပြခန်းများပြသခြင်းကို ယမန်နေ့နေ့ လည်(၁၂) နာရီအချိန် က New Bloom Learning Centre ကိုယ်ပိုင်ကျောင်းတွင် ပြသဆောင်ရွက်သည်။

အဆိုပါ ပြခန်းများတွင် ဂီတဆိုင်ရာသင်ထောက်ကူးပစ္စည်းများ၊ လူမှုရေးဆိုင်ရာသင်ထောက်ကူပစ္စည်းများ၊ သင်္ချာဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊ သိပ္ပံဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊ အင်္ဂလိပ်စာဘာသာရပ်နှင့် မြန်မာစာဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို ပြသဆောင်ရွက်သည်။

ထို့သို့ပြခန်းများ ပြသဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက “ဒီနေ့ကတော့ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ ကျောင်းအတွက် ကလေးငယ်များ သင်ထောက်ကူပစ္စည်းများဖြစ်တဲ့ ဝိဇ္ဇာသိပ္ပံအနုပညာဆိုင်ရာ ပြခန်းများကို ပြသဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။အခုလိုပြခန်းများ ပြသဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာကလေးငယ်များရဲ့ ပညာ အရည်အချင်း၊ ပညာအရည်အသွေးနဲ့ သင်ထောက်ကူပစ္စည်းများနဲ့ ပတ်သက်ပြီးတော့ သင်ကြားမှု မှာလည်း ထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဒီပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့မိဘများအနေနဲ့လည်း ကလေးငယ်များရဲ့ပညာရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်နိုင်ကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပြခန်းများ ပြသဆောင်ရွက်ရခြင်း၏ ရည်ရွက်ချက်ကိုလည်း  New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ ဒေါ်ဖြူသဇင်(MD)က  “ကလေးငယ်များအတွက် ကျောင်းသင်ခန်းစာများမှာ ပါဝင်တဲ့အချက်အလက်များကို လက်တွေ့ပြုလုပ်ကာ  သိရှိနားလည်စေရန်နှင့် စူးစမ်းလိုစိတ် များဖြစ်ပေါ်လာစေပြီး လက်တွေ့အကောင်အထည်ဖော်ဖို့  ရည်ရွယ်၍ အခုလိုပြခန်းများ ပြသ ဆောင်ရွက်ရခြင်းဖြစ်ပြီး၊ ကျောင်းသား/ ကျောင်းသူ (၄၀၀)နီးပါရှိတယ်လို့” ပြောကြားသည်။

အဆိုပါ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှဆရာ/ဆရာမှများနှင့်မူကြို ကလေးငယ်များ ပူးပေါင်းဆောင်ရွက်သည့် ဝိဇ္ဇာ၊သိပ္ပံနှင့် အနုပညာရပ်ဆိုင်ရာ ပြခန်းများပြသခြင်း အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင် မြို့နယ်ပညာရေးမှူးဦးမြင့်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)