လားရှိုးမြို့၌ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများပြုလုပ်

လားရှိုး  ဖေဖော်ဝါရီ  ၂

လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံ၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်ကစတင်၍ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအနေဖြင့် အလွတ်တန်းပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲနှင့်အတူ ပန်းခြံအတွင်း၌ အပန်းဖြေလာရောက်သူများအတွက် ထိုင်ခုံများ ဆောင်ရွက်ပေးထားခြင်း၊ အခကြေးငွေဖြင့် ချားရဟတ်စီး နိုင်ရန်ဖွင့်လှစ်ပေးထားခြင်း၊ စကိတ်စီးခြင်း၊  ကလေးများအတွက် အပျော်စီးရထားများစီးနင်းနိုင်ရန်တို့ကို နံနက်(၈)နာရီအချိန်မှ စတင်ကာ ည(၈)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများကိုလားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။ထို့ပြင် တရုတ်ရိုးရာနှစ်သစ်ကူးနေ့ဖြစ်သည်နှင့်အညီ အဆိုပါ လွတ်လပ်ရေးပန်းခြံသို့ လာရောက်လည်ပတ်လျက်ရှိနေကြပြီး လားရှိုးမြို့ မဈေးကြီးတွင်လည်း ပုံမှန်ရောင်းဝယ်သွားလာလျက်ရှိ နေကြောင်း သိရသည်။ လားရှိုးမြို့ အမှတ်(၁၀) မြို့ဝမ်ရပ်ကွက် “ဝံသပါလ အမျိုးသားဝတ်ရွတ်အသင်း အပါအဝင် အဖွဲ(၅)ဖွဲ့မှ သတ်မှတ်အချိန်များခွဲကာ သာသနာ့ဘိမာန်စုရပ်မှ စတင် ကာလားရှိုးမြို့တွင်းသို့ လှည့်လည်၍ ရွတ်ဖတ်ခဲ့ကြပါသည်။

ဟန်ဌေး