တောင်သာ ဖေဖော်ဝါရီလ ၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ် လည်နေ့အထိမ်းအမှတ် တောင်သာမြို့နယ် အလယ်ချိုင့်ကျေးရွာနှင့် ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အလယ်ချိုင့်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းမှုဖြင့်၊ ကျပ်သိန်း(၅၆၈)ကျော် ကုန်ကျခံ၍ လမ်းအရှည်ပေ ၄၀၀၀နှင့် အကျယ်၁၀ပေရှိ ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပြီး ယခုလမ်းကိုအမှီပြုနေ ထိုင်သည့် ကျေးရွာနေပြည်သူများ ကျေးရွာချင်းဆက်၍ သွားလာနိုင်စေရန်နှင့် ကျောင်းသား/ကျောင်းသူ များ စိတ်ချမ်းမြေ့စွာသွားလာနိုင်စေရန် လမ်းအားဖောက် လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လမ်းဖွင့်ပွဲသို့ အမှတ်(၁) ဒုံးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းကျော်သူ၊ မြို့နယ် စီမံအုပ်ချုပ် ရေး ကောင်စီဉက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်ဗိုလ်မှူး နေမျိုးသူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဦးစိန်မောင်အဖွဲ့တို့မှ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်၍ ဗိုလ်မှူးကြီးဝင်းကျော်သူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးဟန်သူရမှ နိုင်ငံသားစီစစ်ရေး ကတ်ပြား(၂၀၇)ကတ်များကိုလည်း ဆက်လက်ပေးအပ်ခဲ့ပြီး အမွှေးနံ့သာရေ ပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အလယ်ချိုင့်ကျေးရွာအတွင်းရှိ မဟာသဗ္ဗလာဘသိဒ္ဓီ ဆုတောင်းပြည့်နှီးဘုရားကြီးအား သွားရောက်ဖူးမျှော်၍ ဒေသခံပြည်သူများက စတုဒီသာများကုသိုလ်ပြုလုပ်ကာပျော်ရွှင် ချမ်းမြေ့ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)