ညောင်ဦး ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club စာပေရေးရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ မောင်ငြိမ်းခန့်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်မှ အမှာစကားပြောကြားပြီး စာအုပ်စာစောင်ချစ် မြတ်နိုးသူအသင်းဝင်များက လူငယ်များအတွက် အတွေးအမြင် စာစုများဖြစ်သည့် စာရေးဆရာချစ်စံဝင်း၏ ရည်မှန်းရမည့် ပန်းတိုင်စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။
စာရေးဆရာချစ်စံဝင်း၏ ရည်မှန်းရမည့်ပန်းတိုင်းစာအုပ်တွင် စာအုပ်ပါမာတိကာ ခေါင်းစဉ်တွင် အကြောင်းအရာ ၂၅ပုဒ်ပါဝင်ပြီး ကြိုးပန်းမှုနှင့် ခေါင်းစဉ်တွင် ကြိုပမ်းမှုအား လုံး၏အဆုံးတွင် ပန်းတိုင်ရှိနေသလိုမိမိ၌ ရည်မှန်းချက်တစ်ရပ်ရှိရန် အခက်အခဲများအားလုံးကို ကြိုးပမ်းမှုနှင့် အောင်နိုင်စမြဲဖြစ်ကြောင်း စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးဝင်းထိန်၊ ညောင်ဦးခရိုင် ပြန်/ဆက်