မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာ၌ အဓိဌာန်ဆရာတော်ဘုရား ကြီးမှူး၍ နှစ်ထပ်တိုက်နယ် ဆေးရုံဆောက်လုပ် လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာသည် မင်းပြား၊ ပေါက်တော ကားလမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် မဟာဇေယျသိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးက ဦးဆောင်ကြီးမှူး၍ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာ နှစ်ထပ် တိုက်နယ်ဆေးရုံကို ရိုးမအာရုဏ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး အတိုင်းအတာမှာ အလျှား(၁၃၅)ပေ၊ အနံ(၅၆)ပေရှိ နှစ်ထပ် တိုက်နယ် ဆေးရုံသစ်ရတနာအုဋ်မြတ်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပ ပြုလုပ်သည်။

ရေးမြို့နယ်တွင် အိုမီခရွန်​ရောဂါကာကွယ်​ရေး နှာခေါင်းစည်းတပ်ဆင်ရန် Mask Campaign ပြုလုပ်

မွန်ပြည်နယ် ​ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများပူးပေါင်း ၍ ယနေ့နံနက် ၈ နာရီက မြသီတာ​​စျေး ကမ်းနားလမ်းတစ်​လျှောက်၌ ပြုလုပ်ခဲ့ကြသည်။

မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to