မန်ကန်မြို့ ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက် သာသနာ့ဝေပုလ္လပရိယတ္တိ စာမေးပွဲ၏ (၈)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

မန်ကန်     ဖေဖော်ဝါရီ    ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၏ ဆရာတော်ဘုရား ကြီးမှူးကျင်းပအပ်သော (၈)ကြိမ်မြောက် သာသနာ့ဝေပုလ္လပရိယတ္တိစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းနားကို ယမန်နေ့ နံနက်ပိုင်းက ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းအနား စတင်ဖွင့်လှစ်ကာ သရဏဂုံနှင့် ငါးပါးသီလတို့ကို ခံယူဆောက်တည်၍ ဆရာတော်ဘုရားမှ တရားတော်များနှင့် ဆုံးမသြဝါသများ ချီးမြှင့်ပြီး ဝိနည်း၊ သဂြိုလ်၊ ပရိတ်ကြီး အာဂုံဆောင်ပြန်အောင်သံဃာတော် (၇)ပါး၊ ဝိနည်း၊ သဂြိုလ်၊ ရှင်ကျင့်ဝတ် ရေးဖြေအောင် သံဃာတော် (၇)ပါးတို့အား ပန်ဖိန်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်ဘုရားမှ စာအောင်လက်မှတ်များ ချီးမြှင့်‌ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်လာသော ဧည့်ပရိတ်သတ်ရှင်လူအပေါင်းတို့မှ လှူဖွယ်ဝတ္ထု ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန်ကန် (ပြန်/ဆက်)