တနင်္သာရီ ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စုအတွင်းမှ ကျေးလက်နေပြည်သူများအား မြေမအုံကျေးရွာ( Cyclone Shelter) ခန်းမဆောင်အတွင်း ဇန်နဝါရီလ(၃၀ရက်နှင့်၃၁ရက်) (၂)ရက်တိတိ ကွင်းဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။
အဆိုပါ ကျောက်တလုံးကျေးရွာအုပ်စုတွင်နိုင်၃(က) (၇၉)ဦး၊ နိုင်၆(က) (၁၅)ဦး၊ လှဲလှယ်(၁၀)ဦးနှင့် မိတ္တူ(၁၉)ဦး စုစုပေါင်း(၁၂၃)ဦးနှင့်အိမ်ထောင်စု(၁၈)စုကို ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်အားရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် သတ်မှတ်ရက်များအတိုင်း ကျန်ကျေးရွာအုပ်စုများသို့ ဆက် လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းမြို့နယ်(လဝက)ရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)