ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မာလကာကုန်း (အရှေ့စု)​ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်း၊ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဖွင့်ပွဲနှင့် အနေ

အိမ်မဲ ဖေဖော်ဝါရီ ၁ 

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မာလကာကုန်း (အရှေ့စု)ကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်  အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်းနှင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။ 

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင် စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မာလကာကုန်း (အရှေ့စု)​ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်းနှင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းဖွင့်ပွဲအခမ်းအနားအားဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

 ဆက်လက်ပြီးဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့၊တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ယင်းနောက်တာဝန်ရှိသူများကအမြင့်တင်ရေစင်အား အမွှေးနံ့သာပက် ဖျန်းပေးပြီး  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ အိမ်သွယ်ရေတိုင်စနစ် သွယ်တန်း ခြင်းနှင့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း၊ အိမ်သွယ် ရေတိုင်စနစ်သွယ်တန်းခြင်းနှင့် ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ 

အဆိုပါလုပ်ငန်းများမှာသမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြစ်သော (VDP)ထောက်ပံ့ငွေ သိန်း(၁၀၀) ကျပ်၊ပြည်သူထည့်ဝင်ငွေ(၁၀)သိန်းကျပ်စုစုပေါင်းသိန်း(၁၁၀)ကျပ်ဖြင့်အိမ်သွယ်ရေတိုင်စနစ်သွယ် တန်းခြင်း အရှည် ၁၄၅၀ ပေ ၊ ၂ လက်မပိုက်နှင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် ၆၆၇ ပေ၊လမ်းအကျယ် ၆ ပေ၊ ထု ၆ လက်မရှိကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသိရသည်။ 

ဆက်လက်ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက်(၉) နာရီအချိန်တွင်အနော်ရထာလမ်းသစ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ခဲ့ရာတာဝန်ရှိသူများကလမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက်မင်္ဂလာအချိန်ကျရောက်သည့်အခါ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

"အနော်ရထာလမ်းဟာအိမ်မဲမြို့ ၏ အဓိကလမ်းမကြီးဖြစ်ပြီး မြို့ပေါ်(၅)ရပ်ကွက်အား ဖြတ်သန်းဆက်သွယ်ထားပြီး အိမ်မဲချောင်းနှင့်အပြိုင် မြိုအရှေ့မှ အနောက်သို့ တစ်ဆက်တည်း ဆက်သွယ်ထားသော လမ်းမကြီးဖြစ်ပါတယ်။လမ်းအစမှအဆုံးထိ စုပေါင်း ပေ (၁)မိုင်(၅)ဖာလုံ ရှိပြီး  ၂၀၁၇- ၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှာ အတိုင်းအ တာ၃၅၀' x၂၆'x ၈"၊၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်အပိုင်း(၁) ကာလ မှာ အတိုင်းအတာ- ၄၅၀'x၂၆'x ၈” ၊ ၂၀၁၈- ၂၀၁၉ခုဘဏ္ဍာရေးနှစ်အပိုင်း (၂)ကာလမှာအတိုင်း အတာ- ၈၀၀'x၂၆'x ၈”၊၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေး နှစ်မှာ အတိုင်းအတာ-၈၀၅'x၂၆'x ၈" ၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှာ အတိုင်းအတာ- ၂ဝဝ'x၂၆'x၈" ၊ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်(၆လကာလ)မှာ အတိုင်းအတာ- ၂၀၀'x၂၆'x ၈”စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်မှုပေအရှည်- ၂၈၀၅ပေ၊ပြည်သူဘက်မှပါဝင်ဆောင်ရွက်မှု ပေရှည်-၂၄၄၅ပေ စုစုပေါင်းပေရှည်-၅၂၅၀ ပေအား ကတ္တရာလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းခဲ့ပြီးဖြစ်ပါတယ်။ ကွန်ကရစ်လမ်းမဆောင်ရွက်ရသေးတဲ့ အကျန်အားဖြင့် ကတ္တရာလမ်းပေအရှည်- ၂၇၇၆ ပေ၊ ကျောက်ချောလမ်း-၂၆၄​ပေ ၊မြေသားလမ်း-၂၉၀ ပေ အဖြစ်ကျန်ရှိနေပါတယ်။ လာမည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာလည်း အတိုင်းအတာ ၃၃၈'x၂၆'x ၈"အားဆက်လက်လျာထား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"လို့အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးမျိုးဇော်ပြောကြားချက်အရသိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)