ကျိုက်မရော ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မဟာစည်လမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါလမ်းသစ်ရှိ ဖွင့်ပွဲမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လမ်သစ်ဖွင့်ပွဲအား ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေစိုးကျော်နှင့် တာဝန်ရှိသူများက လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများနှင့် ဧည့်သည်တော်များအား စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ လမ်းသစ်အား လှည့်လည်ကြည်ရူအားပေးခဲ့ကြသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာလမ်းသစ်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ခု နှစ် ၆ လဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပြီးစီးခဲ့ပြီး လမ်းအကျယ်မှာ အလျား ၄၄၂ပေ၊ အနံ ၁၂ပေ×အမြင့် ၃ ပေရှိပြီး ခွင့်ပြုငွေ(၅၈.၃)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီးစီးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေစိုးကျော်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)