မာန်အောင် ဖေဖေါ်ဝါရီ ၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၃ နာရီက ရုံးတက်လမ်းမှ မြို့မကျောင်းကြီးလမ်းတစ်လျောက်၌ ကျင်းပခဲ့သည်။
ထိုသို့လောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်ပြည်သူများက သံဃာတော် (၂၆)ပါး၊ ရှင်သာမဏေ( ၄)ပါး၊ သီလရှင်( ၈ )ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)