နတ်မောက် ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း ဆက်ကပ်လှူဒါန်းရန်အတွက် ထမနဲထိုးပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်မှ စတင်ပြီး ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စျေးသူစျေးသားများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများက အားပေးကြည့်ရှု့၍ ပြိုင်ပွဲဝင်အသင်း (၁၁)သင်းအား ဆုများချီးမြင့်ပေးခဲ့ပြီး ပထမဆုရရှိသည့် တမာပင်ရပ်ကွက်၊ ဒုတိယဆုရရှိသည့် မီးသတ်ဦးစီးဌာန၊ တတိယဆုရရှိသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်း(၈)သင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။
လှဝင်း