ဆီဆိုင်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြည်သူ့အားကစားကွင်းအတွင်း အားကစားပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြည်သူ့အားကစားကွင်းအတွင်းတွင် ယနေ့မန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ‌ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ ၁၂ မျိုး ကျင်းပပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုင်းယောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ မိုင်းယောင်း ဖေဖော်ဝါရီ ၁ နန်းပန်

ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ဖွံ့ဖြိုးသည့် ကလေးများဖြစ်လာစေရေး ကျောင်းသား မိဘများနှင့် တွေ့ဆုံ

မိတ္ထီလာခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ဖွံ့ဖြိုးသည့် ကလေးများဖြစ်လာစေရေး ကျောင်းသား မိဘများနှင့် တွေ့ဆုံ မိတ္ထီလာဖေဖော်ဝါရီ ၁ သိန်းမြင့်ကျော်(မိတ္ထီလာ)

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့၌ ကွန်ကရစ်လမ်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ခုနှစ်၊ (၆)လဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အမှတ်(၁)ရပ်ကွက်ရှိ ဘုရားပတ်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက အဆိုပါလမ်း၌ ပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဌာနပေါင်းစုံ အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့လုံးကျွတ် စည်းကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်းလောင်းလှူ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန် မြို့တစ်ပတ် စည်းကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံ ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။
Subscribe to