ချောင်းဆုံ ဖေဖော်ဝါရီ ၂
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ အရန်မီးသတ်သင်တန်းသားများအား ဝတ်စုံထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား(၂၅)ဦး တက်ရောက်ပြီး မီးဘေးအန္တရာယ်နှင့် သဘာဝဘေးရင်ဆိုင်ဖြေရှင်းနည်းများကို သင်တန်းကာလ(၁၉)ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)