မူဆယ် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီ အချိန်က မြို့တော်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌခရိုင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးအောင်ဇော်မိုးက အမှာစကားပြောကြားရာတွင် မူဆယ်မြို့နယ်၊ နမ့်ဟွယ် ကျေးရွာရှိ ဘုန်းတော်ကြီးမှ မိမိတို့ကျောင်းတွင်ရှိသော မိဘမဲ့ကလေးငယ်များက လိုင်စင်မဲ့ကားတွေနဲ့ တူတယ် သူတို့မှာ လိုင်စင်ဆိုပြီးပြစရာ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ လက်ဝယ်မရှိလို့၊ ဒါ့ကြောင့်မို့ လူလိုင်စင်ဖြစ်တဲ့ နိုင်ငံသားကတ်ပြားတွေကို လက်ဝယ်အရာက် လုပ်ကိုင်ပေးနေချိန်မှ လာရောက် လုပ်ကိုင်စေချင်ပါကြောင်းဆိုတာ မိမိအနေဖြင့်မှတ်ထားပြီး ယနေ့အချိန်ထိ နားထဲတွင် ကြားယောင် နေသဖြင့် မိမိတို့ ဒေသခံတိုင်းရင်းသားများ အနေဖြင့် သိရှိရန်လိုအပ်ပါကြောင်း၊ အိမ်သို့ပြန်ရောက်ချိန်တွင် အနီးပတ်ဝန်းကျင်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတွင် သွားရောက်လုပ်ကိုင်ကြရန် ထပ်ဆင့်ပြောကြား ပေးစေလိုပါကြောင်း၊ တစ်ဆင့် စကားတစ်ဆင့်နားနဲ့ ပြည်သူများထံသို့ရောက်ရှိအောင် ဆောင်ရွက်စေလိုပါကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော မူဆယ်မြို့နယ်အတွင်းရှိ မန့်ဟန်ကျေးရွာအုပ်စု၊ နောင်လောင်း ကျေးရွာအုပ်စု၊ တိန်းလုံကျေးရွာအုပ်စုတို့မှ ဒေသခံတိုင်းရင်းသားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မိသားစုများ နှင့် စည်ပင်သာယာရေးဝန်ထမ်းမိသားစုဝင်များအတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေ(၃၇)စုနှင့် ယခင်ဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၅၃)ကတ်အား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် မြို့နယ် ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအားလုံးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပန်းခင်းစီမံချက်ပါ အသိပညာပေး မေးခွန်းများကိုမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူ (၅)ဦးနှင့် ဗလာမပါကံစမ်းမဲများကို မဲဖောက်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် တက်ရောက်လာသူ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကံစမ်းမဲနှင့်အတူဆုငွေများကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။ ချယ်ရီမြေ(မူဆယ်)